Sea Of Thieves: A Pirate’s Life

မင်မင်တို့က Gamers လေးတွေအတွက် ဒီတစ်ခါလူကြိုက်များနေတဲ့ Sea of Thieves Games အကြောင်းလေးကို Review လုပ်ပေးလိုက်ပါတယ်နော် 🥰🥰

☠ ကုန်းပေါ်မှာကားတွေမောင်းပြီး သေနတ်တွေပဲပစ်နေရတာပျင်းနေပြီလား?

ဒါမှမဟုတ် ရောဂါပိုးတွေနဲ့မွန်းကြပ်လို့ လွတ်လပ်တဲ့ပင်လယ်ထဲ သွားကြည့်ချင်နေပြီလား?
ဒါဆိုရင်တော့ ဒီဂိမ်းကသင့်အတွက်အ‌ကောင်းဆုံးပါဘဲနော် 🤗
ပင်လယ်ပြင်ထဲ စွန့်စားခန်းဖွင့်ချင်ရင် Sea of Thieves Game ကအသင့်တော်ဆုံးပါပဲနော်..

Sea of Thieves
☠ ဒီဂိမ်းကဆိုရင် first-person ဆော့ရမှာဖြစ်ပြီး March-20,2018 မှာ official ထွက်လာခဲ့တဲ့ ဟောင်းပေမယ့်ကောင်းနေဆဲ ဂိမ်း‌လေးဘဲဖြစ်ပါတယ်နော် 🥰
ဒီဂိမ်းကိုတော့ Window 10, X-box One နဲ့ X-box X/S အစရှိတဲ့ platformတွေမှာ ဆော့ကစားနိုင်မှာပါ။ Action, Adventure, Multiplayer အနေနဲ့ ဆော့ကစားနိုင်ပြီး crewတစ်ခုမှာဆိုရင် သူငယ်ချင်းလေးယောက်အထိ အတူတူ ဆော့ကစားလို့ရမှာပါ‌နော်..
Graphic ပိုင်းမှာလည်း Unreal Engine4 ကိုသုံးထားလို့ စိတ်ကျေနပ်မှုအပြည့်ရစေမှာပါ။ ဒီဂိမ်းက စစထွက်ခြင်းမှာ အတော်လေးနာမည်ကြီးခဲ့ပေမယ့် update အထွက်နည်းမှုကြောင့် player တွေရဲ့ငြီးငွေ့ခြင်းကိုခံခဲ့ရပါသေးတယ်။

Sea of thieves
☠ ဒါပေမဲ့ 2021,JAN-1st မှာတော့ အခြားဂိမ်းများနည်းတူ ဒီဂိမ်းမှာလည်း battle pass ထွက်လို့လာပါတယ်။ ဒီ update ကစပြီး game streamer တွေရဲ့ streamမှာ ပြန်နေရာရလာတဲ့အပြင် BAFTAကပေးတဲ့ Evolving Gameဆုကိုပါ 2021မှာရရှိထားပါသေးတယ်နော်။ အခုလက်ရှိမှာဆိုရင်လည်း အားလုံးစောင့်မျှော်နေကြတဲ့ Captain Jack Sparrow ဟာဆိုရင်ဖြင့် Sea of Thieves ကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ ဒီupdateနဲ့အတူ Jackခိုးယူလာတဲ့ရတနာကြောင့် Sea of Thieves လောကကို ကျိန်စာသင့်စေခဲ့ပါတယ်။ ရန်သူအသစ်များစွာလည်းပါဝင်လာပြီး အဲဒီရန်သူတွေထဲမှာ Davy Jonesကိုယ်တိုင်လည်း သူ့ရဲ့ကျိန်စာသင့် သင်္ဘောနဲ့အတူ ပါဝင်လာပါတယ်။
☠ Playerတွေအနေနဲ့ Jackမွှေတဲ့ပြဿနာတွေကို ဂိမ်းထဲမှာလိုက်ရှင်းရမှာဖြစ်ပါတယ်နော်။ ဒီဂိမ်းက Open World ဖြစ်တာကြောင့် Map Area ကအတော်ကျယ်ပြန့်ပြီး Main quest, Side quest တွေအပြင် Story line တွေကိုပါ အားရပါးရဆော့ရမှာဖြစ်ပါတယ်။
☠ ပင်လယ်ကျယ်ကျယ်ထဲက ကျွန်းတွေတစ်ကျွန်းပြီးတစ်ကျွန်းကို သူငယ်ချင်းတွေနဲ့အုပ်လိုက်ကြီး ရွှေတွေရှာဖို့ရွက်လွှင့်ရင်း မုတ်ဆိတ်ပျားစွဲရင် သင်္ဘောပျက်တွေကနေ ရတနာတွေပါရနိုင်ပါသေးတယ်နော် 😍 ကံမကောင်းလို့ လမ်းမှာအခြားplayers ရဲ့သင်္ဘော‌ေတွနဲ့ တွေ့ရင်လည်း cannon ballနဲ့ထုပြီး တိုက်ခိုက်မလား မိတ်ဆွေဖွဲ့မလားဆိုတာကို ကိုယ်တိုင်ရွေးချယ်ရမှာပါ။ ကျွန်းတွေမှာ Bossတွေကိုတိုက်ခိုက်ပြီး ကျလာတဲ့ရတနာတွေကို ဝေစုမျှလို့လည်း ရပါ‌သေးတယ်နော် 🥰မမျှချင်လို့ အတင်းလုယူကြမယ်ဆိုလည်း သဘောပေါ့လေ😌 ပင်လယ်ဓားပြတစ်ယောက်ရဲ့ဘဝကို အပြည့်အဝ ဝင်ခံစားနိုင်မှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့ အေးဆေးchillလို့ရတဲ့ ဂိမ်းကောင်းတစ်ခုပါပဲ။
☠ Captain Jack Sparrowကတော့ သင့်ကိုSea of Thievesထဲကနေ စောင့်နေပြီနော်။ သင်ကရော ဘာကိုစောင့်နေသေးတာလဲ။ (သူကတော့ပြန်မလာတော့ဘူးနော်😬)

ဒီ game ကိုစိတ်ဝင်စားလို့ကစားချင်တယ်ဆိုရင်တော့ ဒါ​လေးကိုနှိပ်ပြီး ဝယ်ယူလို့ရပါတယ်​နော်